ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၉.၅.၂၀၁၈ ) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာအုပ်စု၊ စည်တိုင်း (ရွာလယ်/ရွာသစ်) ကျေးရွာနှင့် မကြီးကုန်းလေးကျေးရွာတို့တွင် နေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁) လုံးမှာ ပြိုကျ ပျက်စီးခဲ့ပါသည်။ စုစုပေါင်းအိမ်ခြေ(၈) လုံး အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၃၉)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ ၈၁၉၀၀ိ/-၊ နေအိမ်(၈)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၈၁,၉၀၀) ကျပ်၊ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး-(၇) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁)အိမ်ထောင်စာတို့ကို (၁၂.၅.၂၀၁၈)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018