ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ သပြေ ကန်ကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀,၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀၀) ကျပ်အား (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#rke_may2018