Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သင်္ဃန်းညီနောင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်တကွ တာဝန်ရှိသူများ နှင့်အတူ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ၊ မြို့သစ် (၇) လမ်း၌ (၇-၉-၂၀၁၈) ရက်နေ့၊ ည (၂၃း၅၀) အချိန် တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေ၌ ငှါးရမ်းနေထိုင်သည့် အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦးအား ဆန်ရိက္ခာဖိုး (၇) … Read more
-
မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ) နာရီအချိန်မှ (၁၁၀၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေ့ရပ်ကွက်၌ ရပ်ကွက်နေပြည်သူ လူဦးရေ (၅၀) ခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများနှင့် စပ်လျဉ်း၍ အသိပေးဟောပြောခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာေစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၇-၈-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ စိမ့်ချောင်းကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပါအနီးရှိ အိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြီး နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း၊ (၈-၉-၂၀၁၈)ရက်နေ့တွင် အဆိုပါ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၆) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (အိမ်ထောင်စု -၉ စု) နှင့် ကြိုတင်ဖျက်သိမ်းအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး တစ်လုံးလျှင် … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၄.၉.၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင်ဖြစ်ပွားသော ကမ်းပြိုဘေးမှ ပြောင်းရွှေ့နေအိမ် (၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့တန်ဖိုးငွေကျပ် (၃,၀၀၀,၀၀၀)၊လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃,၂၇၅,၁၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(အိမ်ထောင်စု- ၃၀)တို့အား (၉-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၇-၉-၂၀၁၈)ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ အင်းဂျင်းတောင်ရပ်ကွက်၊ အမက-၁၀ မူလွန်ကျောင်းတွင် ကျောင်းသား/သူ လူဦးရေစုစုပေါင်း (၂၅၀)ဦးအား ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉၀၀) နာရီမှ (၁၀ဝဝ) နာရီအထိ တာလေမြို့နယ်၊ အ.ထ.က ကျောင်း၌ ကျောင်းသား/သူလူဦးရေ (၂၀၀)ဦး ခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ အခြားသဘာဝဘေး အသိပေးဟောပြောမှု ပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာများ၊လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ (၁၀၁၅)နာရီအချိန်၌ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့် အကွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၉၀၀,၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၉၅၀,၀၀၀)အား (၈-၉-၂၀၁၈)ရက်နေ့(၁၁၁၉)နာရီအချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား (၈-၉-၂၀၁၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထု (၁၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် မီးဘေးနှင့် မိုးကြိုးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် အလှူပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း
နေပြည်တော်၊ စက်တင်ဘာလ ၇ ရက် ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် POWERCHINA INTERNATIONAL GROUP LIMITEDမှ ဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင်ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍အလှူရှင်အဖွဲ့နှင့် ဆွာစက်ရုံဘုန်းတော်ကြီးကျောင်းရှိရေဘေးသင့်ပြည်သူများထံသို့သွားရောက်ခဲ့ပြီးဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အထက-၁ ကျောင်း၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၂၀)ဦးတို့အား (၁၀:၀၀)နာရီအချိန်မှ (၁၁:၄၅)နာရီ ထိလည်းကောင်း၊ အထက-၂ ကျောင်း၌ ကျောင်းသားကျောင်းသူစုစုပေါင်း (၁၂၀၀)ဦးတို့အား (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာတို့အား အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
