လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သင်္ဃန်းညီနောင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်တကွ တာဝန်ရှိသူများ နှင့်အတူ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ၊ မြို့သစ် (၇) လမ်း၌ (၇-၉-၂၀၁၈) ရက်နေ့၊ ည (၂၃း၅၀) အချိန် တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံးဘေးသင့်ခဲ့ရာ
အဆိုပါဘေးသင့်အိမ်ခြေ၌ ငှါးရမ်းနေထိုင်သည့် အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံး အားလည်းကောင်း၊ အိမ်ပိုင်ရှင်အား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄,၂၀၀/-) ကျပ်အား (၈-၉-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် သင်္ဃန်း ညီနောင်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_sep2018