ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် အလှူပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၇ ရက်
ရေတာရှည်မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် POWERCHINA INTERNATIONAL GROUP LIMITEDမှ ဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင်ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့က လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍အလှူရှင်အဖွဲ့နှင့် ဆွာစက်ရုံဘုန်းတော်ကြီးကျောင်းရှိရေဘေးသင့်ပြည်သူများထံသို့သွားရောက်ခဲ့ပြီးဆန်၊ ဆီ၊ သောက်ရေသန့်၊ ကွတ်ကီးမုန့်၊ ခေါက်ဆွဲခြောက်များထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events