လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ (၁၀၁၅)နာရီအချိန်၌ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့် အကွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၉၀၀,၀၀၀)၊ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၉၅၀,၀၀၀)အား (၈-၉-၂၀၁၈)ရက်နေ့(၁၁၁၉)နာရီအချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။