လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉၀၀) နာရီမှ (၁၀ဝဝ) နာရီအထိ တာလေမြို့နယ်၊ အ.ထ.က ကျောင်း၌ ကျောင်းသား/သူလူဦးရေ (၂၀၀)ဦး ခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ အခြားသဘာဝဘေး အသိပေးဟောပြောမှု ပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာများ၊လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။