လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၈) ရက်နေ့ နံနက် (၁၀ဝဝ) နာရီအချိန်မှ (၁၁၀၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေ့ရပ်ကွက်၌ ရပ်ကွက်နေပြည်သူ လူဦးရေ (၅၀) ခန့်အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများနှင့် စပ်လျဉ်း၍ အသိပေးဟောပြောခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာေစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။