လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အထက-၁ ကျောင်း၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၂၀)ဦးတို့အား (၁၀:၀၀)နာရီအချိန်မှ (၁၁:၄၅)နာရီ ထိလည်းကောင်း၊ အထက-၂ ကျောင်း၌ ကျောင်းသားကျောင်းသူစုစုပေါင်း (၁၂၀၀)ဦးတို့အား (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀)နာရီထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာတို့အား အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။