ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၇-၈-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ စိမ့်ချောင်းကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပါအနီးရှိ အိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြီး နီးစပ်ရာဆွေမျိုးများအိမ်သို့  ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း၊ (၈-၉-၂၀၁၈)ရက်နေ့တွင် အဆိုပါ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၆) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (အိမ်ထောင်စု -၉ စု) နှင့် ကြိုတင်ဖျက်သိမ်းအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး တစ်လုံးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀၀)ကျပ် တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events