Author Archives: Department of Disaster Management

  • မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၂၆-၁၀-၂၀၁၈)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သုဝဏ္ဏရပ်ကွက်မှ မိုးကြိုးထိမှနိသေဆုံးသူ မောင်ထက်ကိုလင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်ကို (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် လည်းကောင်း မိုးကြိုးစက်ကွင်းမိ၍ ဆေးရုံတက်လူနာ(၂) ဦးဖြစ်သော ကိုအေးစိုးနှင့် မောင်သော်ဇင် တို့အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်အား (၂၇-၁၀-၂၀၁၈)နေ့၌လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #tny_oct2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်ပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာ၌ (၁၆-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စုနှင့်(၂၅-၁၀-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၃)စုတို့မှ စုစုပေါင်းလူဦးရေ(၂၇)ဦးအတွက် (၄) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၆,၇၀၀) ကျပ်တို့အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခနခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ #ha_rbe #sgg_oct2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်ပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သစ်ဖြူကုန်းကျေးရွာနှင့် မိုးတားလေးကျေးရွာတို့၌ (၁၈-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးအတွက် (၃)အိမ်ထောင်စာ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)တို့အား (၂၆-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_oct2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကမ်းပြိုနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ (၂၁-၁၀-၂၀၁၈)ရက်နေ့ (၀၁:၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ထိန်တောကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၅,၀၀၀)ကျပ်နှင့် (၂၁-၁၀-၂၀၁၈) ရက်နေ့ (၁၁:၃၀) အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနှင့်အတူ မအူပင်မြို့နယ် စစ်ချောင်းကျေးရွာအုပ်စု၊ ရွှေလှေသောင် ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာအုပ်စု၊ ငါးဖါးအိုင်ကျေးရွာအုပ်စု၊ ရေလဲလေးကျေးရွာအုပ်စု၊ ပန်းပင်စု ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာ အုပ်စု၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အင်းမကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ခြောက်ရာကျေးရွာအုပ်စု၊ တော်တလုပ် ကျေးရွာအုပ်စု၊ ကညင်ဝကျေးရွာအုပ်စု၊ အောက်ထုံး ကျေးရွာအုပ်စု၊ စုစုပေါင်း ကျေးရွာအုပ်စု (၁၄) စု ကျေးရွာခွဲ ၂၃ … Read more

  • လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီကျေးရွာနှင့် ကော့စိန်အထက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ခဲ့မှု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၆၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၉) အိမ်ထောင်စုစာအား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #krn_oct2018

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၊ ဝင်းပကျေးရွာနှင့် ဓနုကတိုက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခ တ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် (၁၆၁,၇၆၅/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ အားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် (၅၅,၅၃၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေသည် (၂၀.၁၀.၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ အပေါ်ကျေးရွာလယ်ကွင်း၌ မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀) ကျပ်အား ကျိုက်မရော မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်ဦးနှင့်အတူ (၂၁.၁၀.၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ # ha-tls #mon-2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဒါန်းပင်ကျေးရွာအုပ်စု၊ ဒါန်းပင်ကျေးရွာ၌ (၁၃-၁၀-၂၁၀၈) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့်သစ်ပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးမှ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ဒါန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha-fld #sgg-oct2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events