လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဒါန်းပင်ကျေးရွာအုပ်စု၊ ဒါန်းပင်ကျေးရွာ၌ (၁၃-၁၀-၂၁၀၈) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့်သစ်ပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးမှ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ဒါန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha-fld
#sgg-oct2018
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)