လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနှင့်အတူ မအူပင်မြို့နယ် စစ်ချောင်းကျေးရွာအုပ်စု၊ ရွှေလှေသောင် ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာအုပ်စု၊ ငါးဖါးအိုင်ကျေးရွာအုပ်စု၊ ရေလဲလေးကျေးရွာအုပ်စု၊ ပန်းပင်စု ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာ အုပ်စု၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အင်းမကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ခြောက်ရာကျေးရွာအုပ်စု၊ တော်တလုပ် ကျေးရွာအုပ်စု၊ ကညင်ဝကျေးရွာအုပ်စု၊ အောက်ထုံး ကျေးရွာအုပ်စု၊ စုစုပေါင်း ကျေးရွာအုပ်စု (၁၄) စု ကျေးရွာခွဲ ၂၃ ရွာတို့၌ (၂၁- ၁၀- ၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂၂) လုံး တစိတ် တပိုင်း ပျက်စီးနေအိမ် (၁၃၄) လုံး စုစုပေါင်းနေအိမ် (၁၅၆) လုံး၊ အိမ်ထောင်စု (၁၅၆) စုအတွက် ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ထောင်စု(၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစိတ်တပိုင်း ပျက်စီးနေအိမ် ၁ လုံးအတွက် အိမ်ထောင်စု (၁) စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅,၅၇၀,၀၀၀) ကျပ်နှင့် စုစုပေါင်း လူဦးရေ (၆၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁,၃၅၆,၆၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၆,၉၂၆,၆၀၀) ကျပ်တို့ကို ဘေးသင့်အိမ်ထောင်စုများအား ရေလဲလေး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လည်ကောင်း၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source : မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_oct2018