လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

22 Pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၊ ဝင်းပကျေးရွာနှင့် ဓနုကတိုက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခ တ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် (၁၆၁,၇၆၅/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ အားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် (၅၅,၅၃၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စုစာအားလည်းကောင်း၊ လူဦးရေ (၃၉) ဦး အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၈၁,၉၀၀/-) ကျပ်အားလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၈၁၉၀၀/-) ကျပ်အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mon_oct2018

Sign Up

Upcoming Events