လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့၊ ကိုမောင်ကျေးရွာအုပ်စု၊ ကျွန်းမီကျေးရွာနှင့် ကော့စိန်အထက်ကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ခဲ့မှု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၆၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၉) အိမ်ထောင်စုစာအား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#krn_oct2018