Author Archives: RRD

  • ညောင်ဦးခရိုင်အတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

    ညောင်ဦးခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်အတွင်း ( ၃၀-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာ(၁၂ ) ရွာမှ အိမ်ခြေ (၉၉) လုံး၊ ဘုန်ကြီးကျောင်း(၂) ကျောင်းနှင့် ညောင်ဦးမြို့နယ်မှ အိမ်ခြေ(၁) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းငွေကျပ် (၂,၀၄၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လတ်တလောကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့် (ညွှန်ကြားရေးမှူး) တို့လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လတ်တလောစားနပ်ရိက္ခာအဆင်ပြေစေရန် ဆန်ရိက္ခာများနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးနိုင်ရေးအတွက်လည်းကောင်း၊ ရေတွင်း ရေကန်များအတွင်း ဝင်ရောက်နေသည့် ရေဆိုးရေညစ်များအား ထုတ်ယူနိုင်ရေးအတွက် စက်သုံးဆီများ ထောက်ပံ့ပေးနိုင်ရေးတို့အတွက်လည်းကောင်း (၉-၆-၂၁၀၆) ရက်နေ့မှစတင်၍ ရေဘေးသင့်ဒေသများသို့ သွားရောက်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လာရောက်တွေ့ဆုံခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၉) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကလေးသူငယ်များဖွံ့ဖြိုးရေး၊ လူငယ်မူဝါဒပေါ်ပေါက်ရေးကိစ္စများနှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းကျောင်းတွင် ပါဝင်တက်ရောက်ရေးကိစ္စများ၊ သဘာဝသောက်သုံးရေလိုအပ်လျက်ရှိသောဒေသများတွင် ရေတွင်းတူးခြင်းနှင့် … Read more

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်း၊ ပြည်တွင်း/ ပြည်ပနည်းပညာကုမ္ပဏီများမှ လာရောက်တွေ့ဆုံခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms.Janet E.Jackson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူစီမံကိန်း (၂၀၁၃-၂၀၂၂) အား အကောင်အထည်ဖေါ်မည့်ကိစ္စရပ်များ၊ ကျား/မရေးရာတန်းတူညီမျှမှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်စပ်လျဉ်းသည့်ကိစ္စနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒမူကြမ်းရေးဆွဲရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။ အလားတူ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မန္တလေးနည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်နိုင် ဦးဆောင်သောအဖွဲ့မှ … Read more

  • မိုးကြိုးဘေးကြောင့်သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေပေးအပ်မှု သတင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ငဖောင်ကန်ကျေးရွာနေ ကိုကိုနိုင် အသက်(၂၂)နှစ်သည်(၆.၆.၂၀၁၆) ရက်နေ့ (၂၃းဝ၅)အချိန်ခန့်တွင်ဘောလုံးကွင်းဘေးရေကန်အနီးတွင်အဖော်များနှင့်ဖားကောက်နေစဉ်မိုးကြိုးတစ်ချက်ပစ်ချရာမှလျှပ်စစ်စက်ကွင်းမိပြီးနေရာတွင်သေဆုံးသွားခဲ့ပါသည်။ အဆိုပါသေဆုံးအတွက်ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးသည်ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်ကိုဖခင်ဦးတင်ထွန်းထံသို့(၈.၆.၂၀၁၆)ရက်(၁၅းဝ၀)အချိန်တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

Sign Up

Upcoming Events