လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms.Janet E.Jackson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူစီမံကိန်း (၂၀၁၃-၂၀၂၂) အား အကောင်အထည်ဖေါ်မည့်ကိစ္စရပ်များ၊ ကျား/မရေးရာတန်းတူညီမျှမှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်စပ်လျဉ်းသည့်ကိစ္စနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒမူကြမ်းရေးဆွဲရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
အလားတူ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မန္တလေးနည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်နိုင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ GIS (ပထဝီဝင်သတင်းအချက်အလက်စနစ်)၊ Remote Sensing (ကောင်းကင်ဓါတ်ပုံ၊ ဂြိုလ်တုဓါတ်ပုံ) လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ IT & Communication (သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ) လုပ်ငန်း ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ နေ့လည် (၁၅:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Kyoshin Co.,Ltd မှ Advisor ဖြစ်သူ Prof. Mr. Minoru Kiryu ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မသန်စွမ်းကလေးများအား ကူညီစောင့်ရှောက်မှုကိစ္စရပ်များ၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းရပ်များ၊ သက်ကြီးပြုစုစောင့်ရှောက်သူများအတွက် စွမ်းရည်မြင့်သင်တန်းများ၊ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာလွှာရေးထိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။