လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၉) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကလေးသူငယ်များဖွံ့ဖြိုးရေး၊ လူငယ်မူဝါဒပေါ်ပေါက်ရေးကိစ္စများနှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းကျောင်းတွင် ပါဝင်တက်ရောက်ရေးကိစ္စများ၊ သဘာဝသောက်သုံးရေလိုအပ်လျက်ရှိသောဒေသများတွင် ရေတွင်းတူးခြင်းနှင့် ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်နေမှုများ၊ ရခိုင်၊ ချင်း၊ ကယားပြည်နယ်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။