ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာတွင် (၉-၆-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀)တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ် (၃၄) လုံးပြိုကျပြီး ကျား (၈၃) ဦး မ (၇၉) ဦး စုစုပေါင်း (၁၆၂) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၅) ရက်စာဘိုးငွေကျပ် (၂၄၃၀၀၀) နှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁) အိမ် (၅၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ခြေ (၃၄) လုံးအတွက် ငွေကျပ် (၁၇၀၀၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၁၉၄၃၀၀၀) ကျပ်အား ပြည်နယ်ဦးစီးမှူးမှ သွားရောက်ထောက်ပံ့လျက်ရှိကြောင်း သိရှိရပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events