ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာမှ အောင်စိုးမိုး (၂၁) နှစ်၊ ဘ ဦးကုလား၊ မောင်နေလင်းဦး (၂၂) နှစ် ဘ ဦးမောင်မြင့်တို့ (၂) ဦးသည် (၁-၆-၂၀၁၆) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် သူငယ်ချင်းများနှင့် ဘောလုံးကစားနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူများ၏ဖခင်များလက်ဝယ်သို့ တစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် ကျပ် (၂) သိန်းကို (၈-၆-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)