စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လတ်တလောကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့် (ညွှန်ကြားရေးမှူး) တို့လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လတ်တလောစားနပ်ရိက္ခာအဆင်ပြေစေရန် ဆန်ရိက္ခာများနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးနိုင်ရေးအတွက်လည်းကောင်း၊ ရေတွင်း ရေကန်များအတွင်း ဝင်ရောက်နေသည့် ရေဆိုးရေညစ်များအား ထုတ်ယူနိုင်ရေးအတွက် စက်သုံးဆီများ ထောက်ပံ့ပေးနိုင်ရေးတို့အတွက်လည်းကောင်း (၉-၆-၂၁၀၆) ရက်နေ့မှစတင်၍ ရေဘေးသင့်ဒေသများသို့ သွားရောက်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events