ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်ပြုလုပ်မှုသတင်း

(၈-၆-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ငပုတောမြို့နယ် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ငပုတောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ CWS နှင့် YMCA အဖွဲ့တို့ပူးပေါင်း၍ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းအား ကျောက်တန်းကျေးရွာ ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျေးရွာသူ/ရွာသား စုစုပေါင်း (၅၂)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events