Author Archives: RRD
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၆) ရက်နေ့တွင် နမ့်ကုံးကျေးရွာ၌သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
၁။ ယခုလတ်တလောတွင် နိုင်ငံတ၀န်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဥ်နှစ်တိုင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိသော်လည်း ၂၀၁၅ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများမှစ၍ ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ၂။ သို့ပါ၍ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ် လာနိုင်သည့် လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိထားရန် လိုအပ် ပြီး ပြည်သူလူထုများအနေဖြင့်လည်း တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ မိသားစုအလိုက်သော် လည်းကောင်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်- (က) မိုးလေ၀သသတင်းများကို … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်ခြင်းကြောင့် ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ထောင်စုများအား ယာယီပြောင်းရွှေ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ ထပ်မံရရှိသော သတင်းများအရ- ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့နံနက်ပိုင်းမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလွှမ်းမိုးခြင်း၊ ချောင်းရေးကြီးခြင်းများဖြစ်ပေါ်ခဲ့ရာ ဘက်ရဲမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ကားလမ်းရေကျော်ခြင်း၊ ရပ်ကွက်/ကျေးရွာ (၁၁) စုရှိ မိုးစပါး ပျိုးထောင် (၄၇၆) ဧက၊ အစေ့ချ/ ကြဲစိုက် (၆၃၂) ဧက ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်း (၅) ကျောင်းနှင့် ကျန်းမာရေးဌာန (၂) ခုသို့ ရေများဝင်ရောက်ခြင်းနှင့် သောကြာဒူးအုပ်စုရှိ ကျွန်းတံတား … Read more
-
ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မုံရွာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် တာ၀န်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စု၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်မှ (၂၄)နှစ်အရွယ်အတွင်းရှိ လူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ (၁၇.၈၁%) ရှိသည့်အတွက် နိုင်ငံရဲ့ကြီးမားလှတဲ့ အင်အားစုတစ်ရပ် … Read more
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြံခင်းမြို့ရှိရပ်ကွက်(၄)ခုနှင့် ဘက်ရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တွင် ရေဝင်ရောက်မှုများအားကူညီဆောင်ရွက်ပေးနေမှုသတင်း
၂၀၁၆ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြံခင်းမြို့ရှိရပ်ကွက်(၄)ခုနှင့် ဘက်ရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တွင် ရေဝင်ရောက်မှုများရှိပြီး ကြံခင်း-ဘက်ရဲကားလမ်း၊ အင်းကောက်ကျေးရွာ ကားလမ်းမပေါ်တွင် ရေ(၂)ပေခန့်ကျော်လွန်၍ ကားများသွားလာ၍ မရခြင်းတို့ကြောင့် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှသွားလာမှုအဆင်ပြေစေရေးနှင့် လိုအပ်သောရွှေ့ပြောင်းမှုများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကနဦး သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျေးရွာ(၁၅)ရွာတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများသို့လည်းသတင်းပေးပို့မှုများအရ ချိတ်ဆက်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁၀-၆-၂၀၁၆) နေ့၊ နေ့လည် (၁) နာရီခန့်မှစ၍ သံတွဲမြို့နယ်၊ ကျေးရွာ (၁၅) ရွာ၌ ရေနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆, ၀၆၇-၄၀၄၇၇၇) များသို့လည်း ပြည်သူများမှ သတင်း ပေးပို့မှုများ ရှိခဲ့ပါသည်။ ရေနစ်မြုပ်မှုများနှင့်ပတ်သက်၍ ကနဦးသတင်းရရှိမှုများအရ ရေနစ်မြုပ် ကျေးရွာများတွင် ရေ (၆) ပေမှ (၈) ပေခန့်အထိ တက်ရောက်လျက်ရှိကြောင်းနှင့် သံတွဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ရေဘေးလွတ်ကင်းသည့် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့ … Read more
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့၊နယ်မြေ (၄) မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေ(၄)၊အိမ်အမှတ်(၁၀၉)တွင်ခြင်ရိုက်ဘတ်တံအားလျှပ်စစ်အားသွင်းထားရာမှအပူလွန်ကဲပြီးဝါယာရှော့ခ်ဖြစ်ကာနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါသည်၊၊အဆိုပါမီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၁၈၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊စုစုပေါင်း(၁၀၁၈၀၀/-)ကျပ် အား (၁၁-၆-၂၀၁၆)ရက်နေ့တွင်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်မှုသတင်း
(၁၁-၆-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာ၌ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များနှင့် ငါးသေတ္တာဗူးများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ထပ်မံရရှိသောသတင်းများအရ- ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ၌ (၉-၆-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့သည့် အိမ်ခြေ (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေစုစုပေါင်း (၁၉၄၃၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၄) အိမ်ထောင်စာအား ပြည်နယ်ဦးစီးမှူးမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ မြကန်သာကျေးရွာနှင့် စျေးမကြီးကျေးရွာ လေဘေးအတွက် ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ မြကန်သာကျေးရွာနှင့် စျေးမကြီးကျေးရွာတို့တွင် (၁၂-၅-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀၀၀) တိတိကို ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက တာဝန်ရှိသူတစ်ဦးထံသို့ (၁၀-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
