ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်ခြင်းကြောင့် ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ထောင်စုများအား ယာယီပြောင်းရွှေ့ပေးမှုသတင်း

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ ထပ်မံရရှိသော သတင်းများအရ-

၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့နံနက်ပိုင်းမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလွှမ်းမိုးခြင်း၊ ချောင်းရေးကြီးခြင်းများဖြစ်ပေါ်ခဲ့ရာ ဘက်ရဲမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ကားလမ်းရေကျော်ခြင်း၊ ရပ်ကွက်/ကျေးရွာ (၁၁) စုရှိ မိုးစပါး ပျိုးထောင် (၄၇၆) ဧက၊ အစေ့ချ/ ကြဲစိုက် (၆၃၂) ဧက ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်း (၅) ကျောင်းနှင့် ကျန်းမာရေးဌာန (၂) ခုသို့ ရေများဝင်ရောက်ခြင်းနှင့် သောကြာဒူးအုပ်စုရှိ ကျွန်းတံတား (အရှည် ၇၄ ပေ) ၏ ရေလယ်တိုင် (၃) တိုင်မျောပါခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါရေကြီးခြင်း ရေများဝင်ရောက်ခြင်းကြောင်း ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ထောင်စု (၄၆) စုမှ လူဦးရေ (၁၆၉) ဦးအား လယ်ဝိုင်းဘုန်းတော်ကြီးကျောင်း၊ ရွှေကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ အမက ရွှေကျောင်းနှင့် ကြာအင်းဘုန်းကြီးဝန်းသို့ (၁၁-၆-၂၀၁၆) ရက်နေ့တွင် ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events