(၁၁-၆-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာ၌ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များနှင့် ငါးသေတ္တာဗူးများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)