ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျေးရွာ(၁၅)ရွာတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများသို့လည်းသတင်းပေးပို့မှုများအရ ချိတ်ဆက်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း

image-0.02.01.e7552634984e8870e1d86715ccc05189d232829188f236c013b2b991c5e3349f-V image-0.02.01.dc013b3eb9347034be7f8bf278566b9d8f3a5cf54518a77d36fbf641139154b7-V image-0.02.01.c6cd1b5592a3e75e865fd1173d3a51d3d2cfbe940ffc9d579e75b955fc4bf1f3-V image-0.02.01.93679f982ad39a967cd04a669e6efb6ed6099258adc8401066570a972f990cba-V image-0.02.01.88611e966a785d95bc5cf9aa53287757d53247c07c568cf3a25b261c13f3b42f-V image-0.02.01.43936c61fc5cc080d306ec86e7e45b9ef9e020ceabd8ca3ec3a980b42e1b4d91-V image-0.02.01.802ad05002a0a0cdae7d3fb58e24e34a915207356a49eae3890e95f93b8de27a-V image-0.02.01.457c41a8c1f2cfff19506ebab8e6f9b71238c4c88c889cb746964fb926464ad4-V image-0.02.01.348da1cda08fcc61ae7158054334974d4c845132c01ae38b40e45575110b3576-V image-0.02.01.111b77cef31d61efa413de0664b85b161ce35e77529f1fed5f4309b0461d4323-V image-0.02.01.7d1c848c5e7286f93c60687be8dcf1a58ae3b79921e42f35c13d643406c66e4c-V

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁၀-၆-၂၀၁၆) နေ့၊ နေ့လည် (၁) နာရီခန့်မှစ၍ သံတွဲမြို့နယ်၊ ကျေးရွာ (၁၅) ရွာ၌ ရေနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆, ၀၆၇-၄၀၄၇၇၇) များသို့လည်း ပြည်သူများမှ သတင်း ပေးပို့မှုများ ရှိခဲ့ပါသည်။ ရေနစ်မြုပ်မှုများနှင့်ပတ်သက်၍ ကနဦးသတင်းရရှိမှုများအရ ရေနစ်မြုပ် ကျေးရွာများတွင် ရေ (၆) ပေမှ (၈) ပေခန့်အထိ တက်ရောက်လျက်ရှိကြောင်းနှင့် သံတွဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ရေဘေးလွတ်ကင်းသည့် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့ စက်လှေများဖြင့် ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရှိရပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် Hotline ဖုန်းများသို့ ဆက်သွယ်သတင်းပေးပို့လာမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events