ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း

11 22

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ထပ်မံရရှိသောသတင်းများအရ-

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ၌ (၉-၆-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့သည့် အိမ်ခြေ (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေစုစုပေါင်း (၁၉၄၃၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၄) အိမ်ထောင်စာအား ပြည်နယ်ဦးစီးမှူးမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events