မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ မြကန်သာကျေးရွာနှင့် စျေးမကြီးကျေးရွာတို့တွင် (၁၂-၅-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀၀၀) တိတိကို ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက တာဝန်ရှိသူတစ်ဦးထံသို့ (၁၀-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)