Author Archives: RRD

  • အမ်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၅-၇-၂၀၁၆) ရက်နေ့တွင် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ရာ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၁၆) ရွာမှ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်နေအိမ်များတွင် ပြောင်းရွေ့ထားရှိရသည့် အိမ်ခြေ (၁၁၃၈) အိမ်၊ အိမ်ထောင်စု (၁၂၆၇) စုမှ ကျား (၂၂၇၁) ဦး၊ မ (၂၃၈၈) ဦး တို့အတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ခေါက်ဆွဲ ခြောက်(၂၇၉၅၄) ထုပ်၊ ရေသန့်(၁) လီတာ (၁၃၉၇၇) ဘူးနှင့် ကြက်ဥ(၂၇၉၅၄) လုံး၊ စုစုပေါင်းတန်ဖိုး … Read more

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ပြည်သူလူထုများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ကျေးရွာအတွက် နံရံကပ်ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေစာအုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ကလေးမြို့နှင့် ရာဇဂြိုဟ်ဆည်တွင် ရေဘေးပြင်ဆင်မှုများ အခြေအနေ ကွင်းဆင်းကြည်ရှုအကြိုညှိနှိုင်းဆွေးနွေးမှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် ဦးဆောင်သည့်အဖွဲ့သည် က‌လေးဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက အချိန်နှင့် တ‌ပြေးညီ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဒေသခံတာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ရာဇဂြိုဟ်ဆည်၏ ရေပြင်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း၊ (၂၀၁၅) ခုနှစ် ရေကြီးစဉ်အတွေ့အကြုံအရ ရေဘေးသင့် ဒဏ်ခံနိုင်ခြေ မြင့်မားသော ကျေးရွာများတွင် ကြိုတင် ပြင်ဆင်ထားမှုအခြေအနေတို့အား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။

  • ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ရေဘေးထောက်ပံ့မှုသတင်း

    ရခိုင်ပြည်နယ်ပြည်နယ်၀န်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် အမ်းမြို့နယ်ရေဘေးအတွက် ခေါက်ဆွဲခြောက် (၆၆)ဖာ၊ ကြာဆံ (၅၄)ဖာ၊ Family Kit (၁၀၀)အိတ်၊ Hygien Kit (၁၀၀)ဖာ၊ ရေသန့်ဆေး (၅၀)ဖာ နှင်‌့ ရေသန့် (၁ လီတာ ×၆၀) (၁)အိတ် အား (၈-၇-၂၀၁၆) ရက်နေ့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events