ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ပြည်သူလူထုများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ကျေးရွာအတွက် နံရံကပ်ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေစာအုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)