လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၂၀၁၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေး အား Community and Family Services International(CFSI) မှ လာရောက်တွေ့ဆုံခြင်း

74

နေပြည်တော်၊ ဇူလိုင်လ(၈)

        လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ၂၀၁၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ၈  ရက် နံနက်ပိုင်း တွင် ၀န်ကြီးရုံးစိုက်ပျိုးကွင်း၌ကျင်းပခဲ့ရာ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းြမတ်အေး ၊ အမြဲတမ်းအတွင်း၀န် ဦး စိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်း၀န်တို့က ရတနာတန်း၀င် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်းနှင့် အမှုထမ်းများက ရတနာတန်း၀င်အပင်များနှင့် အရိပ် ရလေကာပင်များကိုသတ်မှတ်နေရာများ၌စိုက်ပျိုးပေးခဲ့ကြပါသည်။ ြပည် ထောင်စု၀န်ကြီး နှင့်အဖွဲ့ကယခင်နှစ်ကစိုက်ပျိုးအောင်မြင်ခဲ့သောအပင်များ အားလှည့်လည် ကြည့်ရှုပြီး ယခုနှစ်စိုက်ပျိုးခဲ့သောအပင်များအားရာနှုန်းပြည့်ရှင်သန်ဖြစ်ထွန်းစေရေးတာဝန်ယူဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ ကံ့ကော်နှင့် နှစ်ရှည်အရိပ်ရသစ်ပင်များ စသည့်ပျိုးပင်စုစုပေါင်း (၄၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး အား Community and Family Services International(CFSI) မှ  Executive Director ဖြစ်သူ Dr.Steven Muncy ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ Community and Family Services International(CFSI)အဖွဲ့အစည်း သည် ဖိလစ်ပိုင်နိုင်ငံတွင် အခြေစိုက်ပြီးအာရှဒေသတွင်းနိုင်ငံများရှိ ထိခိုက်လွယ်အုပ်စုဝင် ပြည်သူများအား ကူညီဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် တိုးချဲ့ကူညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများစွမ်းရည်မြှင့်တင်ရေး အတွက် online  သင်တန်းများ၊ ကာလတို၊ ကာလရှည်သင်တန်းများအပါအဝင် မဟာဘွဲ့၊ ပါရဂူ ဘွဲ့သင်တန်းများပါပူးပေါင်းဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်မှုသင်တန်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းများအတွက် သင်တန်းဆရာများလေ့ကျင့်ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါ သည်။

Sign Up

Upcoming Events