(၉-၇-၂၀၁၆)ရက်နေ့၊ နေ့လည်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် ဦးဆောင်သည့် အဖွဲ့သည် ကလေးမြို့နယ်အားကစားရုံတွင် သဘာဝဘေးဖြစ်ပွားပါက အချိန်နှင့် တပြေးညီ ပံ့ပိုးကူညီနိုင်ရန် အသင့်စုပုံထားသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ် အခိုအကာများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လှူဒါန်းထားသည့် စက်လှေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် ကလေးမြို့အနီး မြောက်စည်းကျေးရွာတွင် ချောင်းရေတိုက်စားမှု ကြောင့်ဖြစ်ပေါ်လာသည့် ကမ်းပြိုဘေးမှ ကာကွယ်ရန် ရပ်ရွာပြည်သူလူထုမှ အဓိကဆောင်ရွက်ထားသည့် ကမ်းပါးထိန်း တာတမံ အခြေအနေလေ့လာ ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီနိုင်သည်တို့အား ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။