ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟသို့ သုံးရေရေကန် ဆောက်လုပ်ရန်အတွက် လှူဒါန်းမှုသတင်း

သုံးရေလိုအပ်မှုအတွက်နေပြည်တော်Call Centerသို့ ဆက်သွယ်အကူအညီတောင်းခံ လာသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၇ – ၇ -၂၀၁၆ ) ရက်နေ့ (၁၃:ဝဝ) အချိန်တွင် သွားရောက်၍ (၁၀×၁၀×၁၀) ရေကန် ဆောက်လုပ်ရန်အတွက် ငွေကျပ် (၁၆၀၀၀၀၀/-) (တစ်ဆယ်ခြောက်သိန်းတိတိ)အား ဂေဟာဦးစီးနာယက ဘဒ္ဒန္တဝိစိတ္တသာရထံသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events