ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် ဦးဆောင်သည့်အဖွဲ့သည် ကလေးဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက အချိန်နှင့် တပြေးညီ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဒေသခံတာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ရာဇဂြိုဟ်ဆည်၏ ရေပြင်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း၊ (၂၀၁၅) ခုနှစ် ရေကြီးစဉ်အတွေ့အကြုံအရ ရေဘေးသင့် ဒဏ်ခံနိုင်ခြေ မြင့်မားသော ကျေးရွာများတွင် ကြိုတင် ပြင်ဆင်ထားမှုအခြေအနေတို့အား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။