(၅-၇-၂၀၁၆) ရက်နေ့တွင် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ရာ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၁၆) ရွာမှ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်နေအိမ်များတွင် ပြောင်းရွေ့ထားရှိရသည့် အိမ်ခြေ (၁၁၃၈) အိမ်၊ အိမ်ထောင်စု (၁၂၆၇) စုမှ ကျား (၂၂၇၁) ဦး၊ မ (၂၃၈၈) ဦး တို့အတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ခေါက်ဆွဲ ခြောက်(၂၇၉၅၄) ထုပ်၊ ရေသန့်(၁) လီတာ (၁၃၉၇၇) ဘူးနှင့် ကြက်ဥ(၂၇၉၅၄) လုံး၊ စုစုပေါင်းတန်ဖိုး (၁၁,၁၈၁,၆၀၀) ကျပ် အား (၈-၇-၂၀၁၆) ရက်နေ့တွင် ကဇုကိုင်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့အပြင် အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ ရေကြီးစဉ် မျောပါသွားခဲ့သည့်အိမ် (၁၅)လုံးမှ လူဦးရေ (၆၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၇၅၀,၀၀၀) ကျပ်နှင့် ဆန်ဖိုး (၃) ရက်စာ (၅၅,၈၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၈၀၅,၈၀၀)ကျပ်နှင့် အိမ်ထောင်စု(၇) စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား အဆိုပါဘုန်းကြီးကျောင်း၌ပင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(၁၀-၆-၂၀၁၆) နှင့် (၁၁-၆-၂၀၁၆) ရက်နေ့တွင် မြေပြိုဘေးကျရောက်ခဲ့သဖြင့် အိမ်ပြိုပျက်စီး(၃)အိမ်၊ အိမ်ထောင်စု(၃) မှ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၈,၁၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုး(၁၅၈,၁၀၀)ကျပ်အားလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)