ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀) စီမံချက်အတွင်း ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲအား ပြည်နယ်သင်တန်းဆင်း စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့နှင့် ပူပေါင်း၍ (၇ -၈ -၂၀၁၆ )ရက်နေ့ တွင်(၁ဝ:၀၀) နာရီမှ (၁၂:၃၀) နာရီအချိန်ထိ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ရွာတွင်လည်းကောင်း၊ (၈ -၇- ၂၀၁၆) ရက်နေ့ တွင်(၁၂: ၃၀ ) မှ (၁၅: ၃၀) နာရီအချိန် အထိ အောင်သပြေအမှတ်(၃) ရပ်ကွက်တို့တွင်လည်းကောင်း သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားကြောင်း သတင်းရရှိပါသည်၊၊
Source: မိုးညှင်းခရိုင်ဦးစီးမှူး (ကဆရ)