Author Archives: RRD

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာအုပ်စု လေဘေးထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့်အိမ်ခြေ(၅)လုံးပြိုလဲပျက်စီးခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၆)ရက်နေ့တွင် အဆိုပါအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၅၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထောင်စာနှင့် လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး(၂၁၆၀၀/-)ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရပါသည်။

  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပတ်ဇန်ကျေးရွာရှိ မြစ်ထဲမျောပါ သေဆုံးသူများအား ထောက်ပံ့ပေးမှုသတင်း

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပတ်ဇန်ကျေးရွာ အလကခွဲတွင် မူလတန်းပြဆရာ တာဝန်ထမ်းဆောင်နေသော ဦးကမ်းရှမ်းပေါင်နှင့် ဦးကျင်းဟဲ့ဆွောင်တို့ (၂) ဦးသည် (၉-၇-၂၀၁၆) ရက်နေ့၊ (၁၆ဝဝ)နာရီအချိန်ခန့်တွင် မဏိပူရ်မြစ် ဖြတ် ကူးနေစဉ် ပုခက်ကြိုးပြတ်၍ မြစ်ထဲသို့မျောပါသွားခြင်းအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ချင်းပြည်နယ် ဦးစီးမှူးတို့သည် တီးတိန်မြို့နယ်သို့ သွားရောက်ကြပြီး (၂၀-၇-၂၀၁၆) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားဖြင့် ဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ သေဆုံးသူမိသားစုဝင်များနှင့် မြို့နယ်ဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ (၅၀) ဦးခန့်တက်ရောက်ကြကာ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဦးပေါင်လွန်းမင့်ထန်မှ အမှာစကား … Read more

  • နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC – မြန်မာ)မှ Acting Country Director ဖြစ်သူ Ms. Sue Clark တို့သည် (၂၀.၇.၂၀၁၆)ရက်နေ့တွင် ဘေးအန္တရာယ်ကျရောက်သောဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေး၊ ပကတိအခြေအနေကို ပြန်လည်ရရှိစေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးခြင်းဖြင့် ထိခိုက်မှုများ လျော့ပါးစေရန် ကျေးလက်လူထု အခြေပြု စီမံကိန်းများတွင် အကူအညီပေးဆောင်ရွက်နိုင်ရန် ရည်ရွယ်သော နားလည်မှုစာချွန်လွှာအား သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ကဆရ

  • ပန်းတောင်းမြို့နယ်ကမ်းပြိုဘေးနှင့်ရေဘေးထောက်ပံ့ခြင်း

    ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)စုမှ ဧရာဝတီမြစ်ကမ်းပါးနှင့်သနီချောင်းပြိုကျမှုကြောင့် (၁၂.၇.၂၀၁၆)ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ရသည့်လူနေအိမ်(၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်လူဦးရေ (၁၉၇)ဦးအတွက်ဆန်ဖိုးငွေ စုစုပေါင်း (၁၃၁၇၃၀၀)ကျပ်ကိုလည်းကောင်း၊ပန်းတောင်းမြို့နယ်၊ထုံးဘိုအုပ်စု၊ခတ္တိယကျေးရွာတွင်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် (၁၇.၇.၂၀၁၆)ရက်နေ့တွင် ယာယီရွှေ့ပြောင်းရသည့်အိမ်ထောင်စု(၁၀)စုမှလူဦးရေ(၃၈)ဦးအတွက် ဆန်ဖိုးငွေ (၃၄၂၀၀)ကျပ်ကိုလည်းကောင်း ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၇.၂၀၁၆)ရက်နေ့တွင်ပန်းတောင်းမြို့နယ်ထွေအုပ်ဦးစီးဌာနမှတဆင့်ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့မှုအမြန်ပေးနိုင်ရန်လွှဲပြောင်းပေးအပ်ပြီးကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံး မှတာ၀န်ရှိသူများသည် (၁၆-၆-၂၀၁၆) ရက်နေ့ လေဘေးဖြစ်ပွားခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၉)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၇-၆-၂၀၁၆) နေ့တွင်ထောက်ပံ့ပေးခဲ့ပြီး ဆန်ဖိုးထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးရန်ပုံငွေစုစုပေါင်း (၅၈၁ဝဝ)ကျပ်အား (၁၈-၇-၂၀၁၆) နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကမ်းပြိုဘေးသင့် ပြည်သူများအားထောက်ပံ့ရန် ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှထောက်ပံ့သော MEC (၇)ပေသွပ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  ကချင်ပြည်နယ်ဗန်းမော်မြို့တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား (၁)အိမ်လျှင် သွပ်(၃၀)ချပ်နှုန်းဖြင့် သွပ်အချပ် (၁၂၀၀)ချပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးအား  (၁၆-၇-၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ပြီး ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ဗန်းမော်ခရိုင်ဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွပ်၊ မြေမြင့်ပရဟိတဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၅၀) ဦးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း လူငယ်များမှ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့်ဆန်ရိက္ခာ (၃) ရက်စာ ထောက်ပံ့ငွေကျပ်  (၁၃၅၀၀၀)အား (၁၆-၇-၂၀၁၆)ရက်နေ့က သွားရောက်ထောက်ပံ့ ခဲ့ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events