ပန်းတောင်းမြို့နယ်ကမ်းပြိုဘေးနှင့်ရေဘေးထောက်ပံ့ခြင်း

ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)စုမှ ဧရာဝတီမြစ်ကမ်းပါးနှင့်သနီချောင်းပြိုကျမှုကြောင့် (၁၂.၇.၂၀၁၆)ရက်နေ့တွင်
ကြိုတင်ပြောင်းရွှေ့ရသည့်လူနေအိမ်(၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်လူဦးရေ (၁၉၇)ဦးအတွက်ဆန်ဖိုးငွေ စုစုပေါင်း (၁၃၁၇၃၀၀)ကျပ်ကိုလည်းကောင်း၊ပန်းတောင်းမြို့နယ်၊ထုံးဘိုအုပ်စု၊ခတ္တိယကျေးရွာတွင်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် (၁၇.၇.၂၀၁၆)ရက်နေ့တွင်
ယာယီရွှေ့ပြောင်းရသည့်အိမ်ထောင်စု(၁၀)စုမှလူဦးရေ(၃၈)ဦးအတွက်
ဆန်ဖိုးငွေ (၃၄၂၀၀)ကျပ်ကိုလည်းကောင်း ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၇.၂၀၁၆)ရက်နေ့တွင်ပန်းတောင်းမြို့နယ်ထွေအုပ်ဦးစီးဌာနမှတဆင့်ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့မှုအမြန်ပေးနိုင်ရန်လွှဲပြောင်းပေးအပ်ပြီးကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events