ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပတ်ဇန်ကျေးရွာရှိ မြစ်ထဲမျောပါ သေဆုံးသူများအား ထောက်ပံ့ပေးမှုသတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပတ်ဇန်ကျေးရွာ အလကခွဲတွင် မူလတန်းပြဆရာ တာဝန်ထမ်းဆောင်နေသော ဦးကမ်းရှမ်းပေါင်နှင့် ဦးကျင်းဟဲ့ဆွောင်တို့ (၂) ဦးသည် (၉-၇-၂၀၁၆) ရက်နေ့၊ (၁၆ဝဝ)နာရီအချိန်ခန့်တွင် မဏိပူရ်မြစ် ဖြတ် ကူးနေစဉ် ပုခက်ကြိုးပြတ်၍ မြစ်ထဲသို့မျောပါသွားခြင်းအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ချင်းပြည်နယ် ဦးစီးမှူးတို့သည် တီးတိန်မြို့နယ်သို့ သွားရောက်ကြပြီး (၂၀-၇-၂၀၁၆) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားဖြင့် ဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ သေဆုံးသူမိသားစုဝင်များနှင့် မြို့နယ်ဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ (၅၀) ဦးခန့်တက်ရောက်ကြကာ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဦးပေါင်လွန်းမင့်ထန်မှ အမှာစကား ပြောကြားပြီး ချင်းပြည်နယ်ဦးစီးမှူး(ကဆရ) ဦးချွန်ဟရဲမှ ထောက်ပံ့ငွေပေးအပ်ရခြင်းအကြာင်းများ ရှင်းလင်းပြောကြားခဲ့ပါ ကြောင်းနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့မှ (၁) ဦး လျှင် (၂) သိန်းနှုန်းဖြင့် ကျပ် (၄၀၀,၀၀၀/-)၊ ချင်းပြည်နယ်ဦးစီး မှူးရုံး(ကဆရ)မှ (၁) ဦးလျှင် (၁) သိန်းနှုန်းဖြင့် ကျပ် (၂၀၀,၀၀၀/-)၊ စုစုပေါင်း (၆၀၀,၀၀၀/-) သေဆုံးသူ၏ အစ်ကိုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events