လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှထောက်ပံ့သော MEC (၇)ပေသွပ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်ဗန်းမော်မြို့တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား (၁)အိမ်လျှင် သွပ်(၃၀)ချပ်နှုန်းဖြင့် သွပ်အချပ် (၁၂၀၀)ချပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးအား (၁၆-၇-၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ပြီး ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ဗန်းမော်ခရိုင်ဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။