ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာအုပ်စု လေဘေးထောက်ပံ့မှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့်အိမ်ခြေ(၅)လုံးပြိုလဲပျက်စီးခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၆)ရက်နေ့တွင် အဆိုပါအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၅၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထောင်စာနှင့် လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး(၂၁၆၀၀/-)ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events