တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့အတွင်း ရေရှားပါးသည့်ဒေသများ၌ ရေတွင်းတူးဖော်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ၏ လမ်းညွှန်မှုဖြင့် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၁၅-၇-၂၀၁၆) ရက်နေ့တွင် ကော့သောင်းမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ ထောက်ပံ့ငွေ (၅,၄၀၀,၀၀၀) ကျပ်တိတိအား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)