ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC – မြန်မာ)မှ Acting Country Director ဖြစ်သူ Ms. Sue Clark တို့သည် (၂၀.၇.၂၀၁၆)ရက်နေ့တွင် ဘေးအန္တရာယ်ကျရောက်သောဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေး၊ ပကတိအခြေအနေကို ပြန်လည်ရရှိစေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးခြင်းဖြင့် ထိခိုက်မှုများ လျော့ပါးစေရန် ကျေးလက်လူထု အခြေပြု စီမံကိန်းများတွင် အကူအညီပေးဆောင်ရွက်နိုင်ရန် ရည်ရွယ်သော နားလည်မှုစာချွန်လွှာအား သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ကဆရ