ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွပ်၊ မြေမြင့်ပရဟိတဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၅၀) ဦးတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း လူငယ်များမှ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့်ဆန်ရိက္ခာ (၃) ရက်စာ ထောက်ပံ့ငွေကျပ် (၁၃၅၀၀၀)အား (၁၆-၇-၂၀၁၆)ရက်နေ့က သွားရောက်ထောက်ပံ့ ခဲ့ကြောင်းသိရှိရပါသည်။