Author Archives: RRD

  • လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးအား ကမ္ဘောဇဘဏ်လီမိတက်မှလာရောက်တွေ့ဆုံခြင်း

    ၁။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ကမ္ဘောဇဘဏ်လီမိတက်မှ တာ၀န်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ၂။      ကမ္ဘောဇဘဏ်လီမိတက်မှ ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် လစာငွေကို အလိုအလျောက်ငွေထုတ်ကဒ် (ATM Card) ဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအ‌နေများ၊ ရန်ပုံငွေ တိုးပွားရေးဆိုင်ရာ စုဆောင်းထားရှိနိုင်မှုစနစ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များသို့ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ ထပ်မံထောက်ပံ့ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ၃။     ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက် မီးဘေးအတွက် ထောက်ပံ့ပေးမှုသတင်း

    (၂၁-၇-၂၀၁၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ ပါလိတောရမအူကန်ရွာဘုန်းတော်ကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးဘေးအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သံဃာတော် (၂) ပါးစာ သင်္ကန်းဒွိစုံ (၂) စုံ၊ ဆွမ်းနှင့် ဘာသာရေးအဆောက်အဦဘိုးငွေကျပ် (၂၀၁,၈၀၀) တိတိအား (၂၂-၇-၂၀၁၆) ရက်နေ့တွင် သဲကုန်းမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိကျော်လွန်ခဲ့ပြီး ရပ်ကွက်/ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် ငဝန်ရပ်ကွက်နှင့် ကက္ကူလေးကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာအုပ်စုများရှိ ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စုအလိုက် ဆန်၊ ငါးသေတ္တာနှင့် ရေသန့်ဆေးထုပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၂၂-၇-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည့်နေရာများသို့ ဆက်လက်ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးကျင်းပခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ပြည်သူလူထုတစ်ဦးချင်းစီနှင့် အိမ်ထောင်စုတစ်စုချင်းရဲ့ ထိခိုက်လွယ်မှု အခြေအနေများကို လျော့ချရေးနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်သွားမှာ ဖြစ်သလို မိတ်ဖက်အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို ဦးဆောင်ဝန်ကြီးဌာနတစ်ခုအဖြစ် … Read more

Sign Up

Upcoming Events