ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက် မီးဘေးအတွက် ထောက်ပံ့ပေးမှုသတင်း

(၂၁-၇-၂၀၁၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ ပါလိတောရမအူကန်ရွာဘုန်းတော်ကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးဘေးအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သံဃာတော် (၂) ပါးစာ သင်္ကန်းဒွိစုံ (၂) စုံ၊ ဆွမ်းနှင့် ဘာသာရေးအဆောက်အဦဘိုးငွေကျပ် (၂၀၁,၈၀၀) တိတိအား (၂၂-၇-၂၀၁၆) ရက်နေ့တွင် သဲကုန်းမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events