မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ခရိုင်၊ ကံမမြို့နယ်၊ သမ္ဘရာကျေးရွာ၌ ဇူလိုင်လ (၁၁) ရက်နှင့် (၁၂) ရက်နေ့များတွင် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေပစ္စည်း (၄) မျိုး (၁၇) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဘိုးငွေ (၅၂၂၀၀) ကျပ်တိတိကို (၂၂-၇-၂၀၁၆) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ကံမမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)