လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Nippon Foundation နှင့် UNESCO အဖွဲ့တို့ပူးပေါင်း၍ လာရောက်တွေ့ဆုံခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရက် ၁၀၀ စီမံကိန်းတွင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို အကောင်အထည်ဖော်လျက်ရှိရာ မသန်စွမ်းသူများအတွက် အထူးစောင့်ရှောက်မှုသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ဇူလိုင်လ (၂၁) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Nippon Foundation အဖွဲ့အစည်းမှ Executive Director ြဖစ်သူ Mr. Shuichi Ohno နှင့် UNESCO အဖွဲ့အစည်းမှ Director ဖြစ်သူ Dr. Indrajit Banerjee တို့ဦးဆောင်သောအဖွဲ့မှ ဝန်ကြီးဌာန၏မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများအား ကွန်ပျူတာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာသင်တန်းများ သင်ကြားပေးနိုင်မည့် Training Center of Excellence ကို ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ သင်တန်းပြီးဆုံးပါက မသန်စွမ်းသူများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိမိကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် UNESCO, Nippon Foundation နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events