ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိကျော်လွန်ခဲ့ပြီး ရပ်ကွက်/ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် ငဝန်ရပ်ကွက်နှင့် ကက္ကူလေးကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာအုပ်စုများရှိ ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စုအလိုက် ဆန်၊ ငါးသေတ္တာနှင့် ရေသန့်ဆေးထုပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၂၂-၇-၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည့်နေရာများသို့ ဆက်လက်ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)