(၂၁-၇-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပါဆံကျကျေးရွာတွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် World Vision Myanmar (Kyaing Tong) တို့ပူးပေါင်း၍ ကျောင်းတွင်းသဘာဝဘေးအသိပညာပေးအနေဖြင့် “သဘာဝဘေးအန္တရာယ်နှင့် ခုခံကာကွယ်နိုင်မှုစွမ်းဆောင်ရည်အသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၄ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)